ကျနော် ဒီ Post ကို (
ကိုအာဒဲ- ဘူးရေမျက်ရွာ) FB စာမျက်နှာမှ ပြန်လည် မျှဝေခြင်းသာဖြစ်ပါသည်။
နည်းးနည်းတော့ ပြန်လည်ပြင်ဆင်ထားပါတယ်။
ကျွန်တော်တို့တွေ စက်ရုပ်ဖုန်း (Android) စမတ်ဖုန်း
လက်တော့ဖုန်း( မာန်အောင်အခေါ်) ကို ဘာကြောင့်
သုံးကြတာလဲ?
ဂိမ်းကစားရုံသက်သက်လား?
ဗီဒီယိုဇာတ်ကားတွေကို ကြည့်ရုံ သက်သက်လား?
ကျွန်တော် အနေနဲ့ကတော့
စက်ရုပ်ဖုန်း( Android) ကို သုံးခြင်းဟာ
အင်တာနက် ကို အဓိကသုံးချင်လို့ပါ။
အင်တာကို ဘာကြောင့် သုံးချင်ရတာလဲ?
အင်တာနက်ကို သုံးတတ်ရင်
ကိုယ်သိချင်တာ
ကိုယ်တတ်ချင်တာတွေ လေ့လာတတ်မြောက်နိုင်လို့ပါ။
ကျွန်တော် ပြောချင်တာ စကားတော်တော်လည်းများသွားပြီ။
အဓိက ကျနော် ပြောချင်တာက
ဖုန်းအ၀ယ် မမှားစေဖို့ ပြောချင်တာပါ။
သူငယ်ချင်းများလည်း စမတ်ဖုန်းကို ကိုင်တာ
Viber, Facebook,Tango,Gtalk,Gmail နှင့်
အခြား Social network ကို သုံးချင်လို့ ကိုင်တယ်လို့
ကျနော့်အနေနဲ့ မြင်ပါတယ်။
ဒီတော့ စမတ်ဖုန်းတစ်လုံးကို ကိုင်ပြီး
3G Network လည်းရှိတယ်။
ကိုယ့်ဖုန်းက ဘာကြောင့် 3G မရတာလဲ?
3G မရရင် စောစောက ပြောခဲ့တဲ့
Viber, Facebook,Tango,Gtalk,Gmail နှင့်
အခြား Social network ကို
ကျနော်တို့ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။
3G တောင် သိပ်ပုံမှန်မကောင်းတဲ့ ကျေးဇူးတော်ရှင် (MPT)လိုင်းအောက်မှာ
2G( EDGE) လိုင်းနဲ့ဆိုရင် ကျနော်တို့
Viber အကောင့်တောင် ဖွင့်လို့ ရမှာမဟုတ်ပါဘူး
ဖုန်းဝယ်တော့လည်း
'' မေးပြီးဝယ်တာပါ''
ဆိုင်ရှင်ကိုမေးပါတယ်
ဝယ်သူ ….။ အကို ဒီဖုန်းက 3G လိုင်းတော့ ရပါတယ်နော်။
ဆိုင်ရှင်….။ ဒီမှာ အပြင်မှာတောင် ရေးထားတာလေး အကို ကြည့်ပါ ''3G''
ဝယ်သူ..။ ဟုတ်အကို ။
ဝယ်လာပါလေရောာာာာာာ
အဲတုန်းက 3G လိုင်းမှ မရတာကိုး ဘယ်လိုစမ်းကြည့်မလဲ။
ကဲ အခုတော့ စမ်းလို့ ရပါပြီ။
မျက်နှာစာ Cover မှာ 3G လို့ ထင်ထင်ရှားရှားရေးပါတယ်။
ဘာလို့ 3G မရ ရတာလဲ????
ဒီလိုရှိပါတယ်….. 3G Network ကို ရဖို့အတွက်
လွှင့်တင်ထားတဲ့ Network တာဝါတိုင်ရှိဖို့ လိုပါတယ်
မိမိ အသုံးပြုသော ဖုန်းကလဲ 3G Network ကို Support လုပ်နိုင်ဖို့
လိုအပ်ပါတယ်။
အခု မာန်အောင်ကျွန်း(မြို့) လေးမှာ
ဖုန်းမှာတော့ 3G လို့ ရေးထားတယ်
3G မရတဲ့ ဖုန်းတွေ လူတော်တော်လေး ၀ယ်သုံးထားကြပီးပါပြီ။
အမှန်မှာတော့ အဲဖုန်းတွေဟာ
3G ဖုန်းတွေပါပဲ။
ဒါပေသိ အဲဖုန်းတွေဟာ နိုင်ငံတော်တော်များများရှိတဲ့ GSM/WCDMA Netwotk မှာ
3G Support မဖြစ်ပါဘူး ။ တရုတ်နိုင်ငံမှာ ဆိုရင်တော့
3G ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ယခုလက်ရှိ မာန်အောင်မြို့က ဖုန်းဆိုင်တွေမှာ TD-SCDMA ဖုန်းများ
လက်ကျန်ရှိနေပါသေးသည်။
ယင်း TD-SCDMA ဖုန်းများကို ၀ယ်ယူမိပါက 3G နတ်ဝက် ကို အသုံးပြုနိုင်မှာဟုတ်သောကြောင့်
ဖုန်းဝယ်မယ်ဆိုရင်…… ဖုန်းကျုပ်ခွံမှာ ဖြစ်ဖြစ်
ဖုန်းနောက်ဖုန်း ကာဗာကို ဖြစ်ဖြစ် ဖွင့်ပြီး
WCDMA/GSM လားTD-SCDMA လားကို စစ်ဆေးပြီးမှာ ၀ယ်ယူသင့်ပါကြောင်း
မာန်အောင်က သူငယ်ချင်းကို ပြောချင်တာပါ။
ကျနော်ပြောသော အကြောင်းများကို သိပြီးသူများ ရှိကြမှာပါ။
ကျနော်လို ခပ်ပိန်းပိန်း သူငယ်ချင်းများ
မသိသေးသူများ ဖုန်းဝယ်မယ်ဆိုရင် ဒါလေးတွေ သိထားအောင်လို့ပါ။
===============================
WCDMA vs TD-SCDMA what are the differences?
TD-SCDMA - This is the 3G band which China Mobile uses. TD-SCDMA was designed specifically for the Chinese mainland and is used only by China Mobile.
WCDMA - WCDMA phones are marketed as China Unicom phones in China, but in actual fact WCDMA models are compatible with a number of international 3G networks. For example my WCDMA Xiaomi Mi2 worked on Orange and O2 on a trip to the UK this year, and I know of European friends who have WCDMA Mediatek phones whch work in Europe on 3G.
ဒီPost လေး အတိုင်း ကျနော်တို့ လက်တော့ ဖုန်းတစ်လုံးကို ၀ယ်ရခြင်းဟာ အဓိက အင်တာတက် အသုံးပြု ချင် လို့ဖြစ်ပါတယ်။ ဖုန်းတစ်လုံးကို ၀ယ်မယ်ဆိုရင် WCDMA/GSM Network ကို အသုံးပြုနိုင်တဲ့ ဖုန်းမျိုးကို ရွေးဝယ်သင့်ပါတယ်။ ဒါမှသာ ကျနော်တို့ အင်တာနက် 3G လိုင်းကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
မာန်အောင်မြို့မှ ဝယ်ယူသုံးထားသော 3G မရနိုင်သော ဖုန်း မော်ဒယ် အချို့ကိုပါ ပြောပြလိုက်ပါတယ်။
ကျနော် G730 ခရေဇီများအတွက် G730-C** (**) သည် နံပါတ်များဖြစ်သည်။
HUAWEI မှာ T နှင့် စသော မော်ဒယ်များ။ Coolpad အချို့သောမော်ဒယ်များ။
အဓိက ကျနော်တို့ ဖုန်းတစ်လုံးကို ၀ယ်မယ်ဆိုရင် အလွယ်ဆုံး 3G ရနိုင် မရနိုင်ကို ကြည့်နည်းလေးကို ပြောပြပေးပါမယ်။
ဖုန်းနောက်ဖုန်းကို ဖွင့်ပါ။
ဖုန်းဘက်ထရီကို ချွတ်ကြည့်ပါ။
WCDMA/GSM ဆိုရင် 3G ရပါတယ်။
TD-SCDMA/GSM ဆိုရင်တော့ ရုတ်နိုင်ငံ တစ်ခုတည်းမှာသာ 3G လိုင်းရမှာဖြစ်ပါတယ်။
CDMA/GSM ဆိုရင် 2G ပဲ ရတဲ့ဖုန်းဖြစ်ပါတယ်။