၂၀၁၅ ခုနှစ်၊ မာန်အောင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလားကို ကျေးရွာအုပ်စု (၈)အုပ်စုမှ ၀င်ရောက်
ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ နောက်ဆုံးဖိုင်နယ်ဗိုလ်လုပွဲကို မာန်အောင်မြို့၊ အနောက်စုအသင်း နှင့် မျှော် တော်ဦး အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမပိုင်း (၁၅)မိနစ်အချိန်တွင် မျှော်တော်ဦးအသင်းမှ အနောက်စုအသင်းကို ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပြီး၊ ဒုတိယပိုင်းပွဲချိန် (၂၅) မိနစ်ခန့်တွင် အနောက်စုအသင်းမှ
ချေပဂိုးပြန်လည်သွင်းနိုင်ခဲ့ပါသည်။ အချိန်ပို (၁၅) မိနစ်တွင်လည်း တစ်ဖက်တစ်ဂိုးစီသွင်းနိုင်ခဲ့ကြပြန်ပါသည်။ နောက်ဆုံး ပင်နယ်တီဂိုးသွင်းရာတွင် မျှော်တော်ဦးအသင်းမှ
အနောက်စုအသင်းအား သုံးဂိုး၊ နှစ်ဂိုးဖြင့် အပြီးသတ်အနိုင်ရရှိခဲ့ကြကြောင်း သတင်းရရှိပါသည်။
0 comments:
Speak up your mind
Tell us what you're thinking... !