ယခုရက်သတ္တပတ်အတွင်း မာန်အောင်မြို့နယ်အတွင်း ရခိုင် အမျိုးသားပါတီဥက္ကဌေ ဒါက်တာအေးမောင် မဲဆွယ်စည်းရုံးရေးဆင်းလျက် ရှိပါသည်။ လက် ရှိအချိန်သည် နိုင် ငံရေးပါတီများမဲဆွယ်စည်းရုံးရေးကာလဖြစ်သဖြင့် အပြိုင် အဆိုင် စည်းရုံးဟောပြောကြလျက် ရှိသည်။
ဒေါက်တာ အေးမောင် ဦးဆောင်သော ရခိုင် အမျိုးသားပါတီအဖွဲ့သည်လည်း ဇရပ်ကုန်းခင် ရွာ ခအုံးမော်ရွာ မြတ် မ ချောင် ရွာ ပလ္လင်တောရွာ
မင်းဆိပ်ပြင် ရွာ ဆားချက် ရွာ စစ်ကဲတော်အုပ် ရွာ နှင့် ယ နေ့ သစ်ပုံရွာတွင်ဟောပြောလျက် ရှိပြီး ည နေပိုင်းတွင် ရေမျက်ဝရွာတွင် ဆက်လက်ဟောကြားသွားမည်ဖြစ်သည်။ လက် ရှိအချိန်တွင် ဒေါက်တာအေးမောင် သည် မာန်အောင်မြို့နယ် ရခိုင် အမျိုးသားပါတီ ဥက္ကဌ
ဦးစံလင်းအောင် အိမ်တွင် တည်းခိုလျက် ရှိပြီး မနက်ဖြန် စက်တင် ဘာလ ၂၃ ရက်နေ့တွင် မြန်မာ့အသံမှထုတ်လွှင့်မည့်အစီအစဉ်တွင် ၁၅ မိနစ်
စာ ဟောပြောရမည့်အစီအစဉ်ရှိသဖြင့် ရန်ကုန်သို့ခေတ္တပြန် ရမည်ဖြစ်ကြောင်းသိရှိရပါသည်။
ဒီပသား

0 comments:
Speak up your mind
Tell us what you're thinking... !