မာန်အောာင်မြို့နယ်၊ သစ်ဝကျေးရွာအုပ်စု၊ တန်လောင်ကုန်းမူလတန်းကျောင်းတွင် ကျောင်းပြင်ပချိန်အတွင်း ရှေ့ဆောင်ပညာဒါန အခမဲ့စာသင်ဝိုင်းကို 4.7.2015 (စနေနေ့) မှ စတင်ဖွင့်လှစ်
လျက်ရှိသည်။ အဆိုပါစာသင်ဝိုင်းမှာ ငွေကြေးမတတ်နိုင်သော ကျောင်းသား၊ကျောင်းသူများအတွက်
ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ သင်ကြားသည့်အတန်းများမှာ မူလတန်းအထက်ဆင့်၊ အလယ်တန်းအထက်ဆင့် အတန်းများဖြစ်ကာ စေတနာရှင်ဆရာများနှင့်စုဝေးပြီးဖွင့်လှစ်ထားခြင်းဖြစ်သည်။
အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ်များကို ဦးစားပေးသင်ကြားပေးလျက်ရှိသည်။ ၄င်းသင်တန်းသို့
မိဘ/အုပ်ထိန်းသူကိုယ်တိုင်လာရောက်အပ်နှံရမည်ဖြစ်သည်။ လက်ရှိတွင် ဆရာ (၁၀) ဦးခန့်သင်ကြား
ပေးလျက်ရှိကြောင်း သိရှိရပါသည်။
သာထွီး
0 comments:
Speak up your mind
Tell us what you're thinking... !