~~ ကျန်ခဲ့ပြီ
ဝေးလို့ကျန်ခဲ့ပြီ
တစ်ရစ်ရစ်နဲ့ မှုန်ဝါးလို့
နှုတ်ဆက်တဲ့သံစဉ်တွေက
တိတ်ဆိတ်စွာ
တိုးတိတ်တဲ့စကားလုံးတွေက
အသက်မဲ့လိုက်တာ...။
~~ ငါ့အသားထဲကသွေးတွေလည်ပတ်မှုက
ဝတီ့ရင်ခွင်ထဲမှာစပြီး
လည်ပတ်ခဲ့တာ
ပထမဦးဆုံးခြေလှမ်းတွေက
ဝတီရဲ့ရင်ခွင်မြေပြင်ပေါ်ကစခဲ့တာ
မညာရဲဘူး ဝတီ...။
~~ ဘဝရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့
သူစိမ်းမြေပြင်ပေါ်ကို
တစ်လှမ်းချင်းလျှောက်လာခဲ့ပေမယ့်
နောက်ဆီက
ဟိုး...နောက်ဆီက
အရင်းနှီးဆုံးအသံတစ်ခု
ကြားချင်လို့
နားစွင့်ခဲ့သေးတယ်
ဒါပေမယ့်
ဒါပေမယ့်...
လှိုင်းခတ်သံတွေဘဲ
ပဲ့တင်ထပ်ခြုံလွှမ်းသွားခဲ့ပြီ
သြော်...ဝေးလို့ကျန်ခဲ့ပြီဘဲ
မေဃဝတီရယ်...
မောင်မောင်သိန်း
0 comments:
Speak up your mind
Tell us what you're thinking... !