မာန်အောင်ကလေယာဉ်ပျံ - မာန်အောင်လေလှိုင်း(သတင်းစုံ)
Headlines News :
Home » » မာန်အောင်ကလေယာဉ်ပျံ

မာန်အောင်ကလေယာဉ်ပျံ



ဒီ Post လေးကိုတော့ တင်ဖို့အတွက် တော်တော်လည်းကို တွေဝေနေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်မတန် လွယ်လွန်းလို့ပါပဲ။ ဒါပေမယ့် ကျနော် တောဘက်နယ်က လူတစ်ယောက်ဗျာ...။ သူဖုန်းမှာ လေယာဉ်ပျံဝင်နေတယ်။ Flight Mode ပေါ့ဗျာ။ E လိုနည်းနည်းလေး ရောကြည့်တာပါ။ Flight Mode ဆိုတာကတော့......... နည်းနည်းလေးလောက် လေရှည်ခွင့်ပြုပါ။ လေကြောင်းခရီးသွားလာချိန် မိမိ ဖုန်း က ကွန်ယက်ဟာ လေယျာဉ်ဆက်သွယ်ရေးလိုင်းများကို အနှောက်အယှက်မဖြစ်အောင် လုပ်ထားတာတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ Flight Mode ကို ဖွင့်ထားလိုက်ပြီး မိမိဖုန်းကို မပိတ်ပဲ သီချင်းနားထောင်တာဖြစ်ဖြစ် ဂိမ်းဆော့တာမျိုးဖြစ်ဖြစ် လေယာဉ်နှင့် ခရီးသွားနေချိန် ဖုန်းကို ပိတ်စရာမလိုဘဲနဲ့ အသုံးပြုနိုင်အောင် Function လေးတစ်ခုဖြစ်ပါတယ်။ ကျနော် ဘာဖြစ်လို့ ဒီအကြောင်းလေးကို ပြောရတာလဲဆိုတာကတော့ ဒီလိုပါ...။ ကျနော်တို့ မာန်အောင်မြို့နယ်၊ နယ်ဘက်က လူများဟာ မိုဘိုင်းဖုန်းကို အသုံးပြုဖူးကြတာ သိပ်မကြာသေးတော့ ဖုန်းကို ခေါ်ဖို့နဲ့ ဖုန်းအလာကို ကိုင်ဖို့လောက်ဘဲ မသိကြတဲ့ လူတွေလဲ ရှိနေပါသေးတယ်။ ဒီတော့ခါ ဖုန်းကို ကလိကြည့်ရင်း Flight Mode (လေယာဉ်ပျံ) ကို သွားဖွင့်မိလိုက်တော့ ဖုန်းလိုင်းပိတ်သွားတယ်။ ဖုန်းခေါ်လို့ မရတော့ ကိုယ်ကလည်းဘယ်နားသွားလုပ်မိမှန်းမမှတ်မိတော့ ဖုန်းဆိုင်ကို သွားပြတယ်လေ။ ကျနော့်ဖုန်း ဖုန်းခေါ်လို့မရလို့အကို တစ်ချက်ကြည့်ပေးပါ။ ဖုန်းဆိုင်ကလူတော့ ဖုန်းနှင့် ရင်းနှီးပီးသားဆိုတော့ ကြည့်လိုက်တာနဲ့သိတာပေါ့။ အဏလောက်တော့ကြာမယ်။ ဆယ်ငါ့မိနစ်လောက်ကြာရင် ပြန်လာယူပါ..... ဘာညာပေါ့....။ ဖုန်းဆိုင်က (၁၀၀၀ိ/-) ဆိုတော့ ပေးလိုက်ရတာပေါ့။ တောနယ်ကဆိုရင် ဖုန်းဆိုင်ကို သွားရမယ့် လမ်းစရိတ်ကလည်း ရှိသေးတယ်လေ။ ဘာမှမဟုတ်တဲ့ ကိုယ်ကို့ကို ပြန်လုပ်ရင်လည်း တစ်မိနစ်တောင်မကြာတာကို လမ်းစရိတ်နှင့် လေယာဉ်ဖျောက်ခ ဆို ထောင့်ငါးရာ၊ နှစ်ထောင်လောက် အလကားကုန်တာပေါ့။ ဒီလိုတွေ ကျနော်တို့ မာန်အောင်မြို့(ကျွန်း) လေးမှာ ရှိခဲ့လို့ ဒီ Post လေးကို ရေးလိုက်တာဖြစ်ပါတယ်။ ကျနော်တို့ Android( စမတ်ဖုန်း/ စက်ရုပ်ဖုန်း/လက်တော့/လက်ဖွတ်ဖုန်း)ကိုတော့ လူငယ်များသာကိုင်တာကြောင့် သိပ်ပြောပြစရာမလိုပါဘူး။ လူငယ်တွေက စက်ရုပ်ဖုန်းကို အသုံးပြုကြတဲ့လူငယ်ပိုင်း တွေကတော့ ဒီအကြောင်းအရာလေးကို သိပြီးသားဖြစ်မှာ ဖြစ်ပါတယ်။ အထိုင်ဖုန်း (အိမ်ဖုန်း/ကြိုးဖုန်းဒီဇိုင်း) ဖုန်းများလည်း ကျနော်ပြောတဲ့ လေယာဉ်ပျံစနစ်(Flight Mode) မပါပါဘူး။ လက်ကိုင်ဖုန်းများသာ လေယာဉ်ပျံစနစ်(Flight Mode) ကိုထည့်သွင်းထားတာဖြစ်ပါတယ်။ ဒီတော့ ကျနော်အဓိကပြောချင်တဲ့ ဖုန်းကတော့ လူကြီးပိုင်းတွေတော်တော်များများကိုင်တဲ့ လိုင်းးးးးးးးးဆွဲအားကောင်းတယ်ဆိုတဲ့..... ဓါတ်တိုင်နှင့် ခလုတ်ပါ ဖုန်းအမျိုးအစားကို အဓိကပြောချင်တာပါ။ မာန်အောင်မြို့(ကျွန်း)လေးမှာ 3G အင်တာနက်လိုင်း လည်း ရနေပြီဆိုတော့ သတင်းများဖတ်ချင်တဲ့ လူကြီးပိုင်းတွေလည်း Android (စက်ရုပ်) ဖုန်းကို ကိုင်လာတာတွေ တွေ့တော့ Android (စက်ရုပ်) အကြောင်းကိုပါ အနည်းငယ်ထည့်ပြောလိုပါတယ်။ Flight Mode (လေယာဉ်ပျံစနစ်) ဖွင့်နေသလား?? ဖုန်းလိုင်းအတုံးလေးတွေ တက်တဲ့ နေရာကို ကြည့်ကြည့်လိုက်ပါ။ ဖုန်းလိုင်း အတုံးလေးတွေနေရာမှာ လေယာဉ်ရုပ်လေးပေါ်နေရင်  ဖုန်းခေါ်လို့ (အဝင်/အထွင်) မရတော့ပါဘူး။
 Flight Mode ပွင့်နေရင်ဘယ်လိုပြန်ပိတ်မလဲ????
Android (စမတ်ဖုန်း/စက်ရုပ်ဖုန်း) ဖုန်း မှန်ပြင် အပေါ်နားက လက်ကလေးနှင့် ပွတ်ဆွဲလိုက်ပါ။ အသိပေးချက် ဘာတန်းလေး လျောထွက် (Slide Out) မှာဖြစ်ပါတယ်။
 အဲမှာ လေယာဉ်ပျံ ပုံ အမှတ်အသား နေရာကို တစ်ချက် တော့လိုက်ပါ။ (Android Version 4.×× နှင့် အထက်ဖုန်းများတွင်)

 Android Version 2.×× နှင့် 2.3.× မှာ Setting (စက်သွားပုံ)ကို ၀င်လိုက်ပါ။ Wireless and Network ကို ဆက်ဝင်ပါ။Airplane/ Flight mode ဘေးက ဘောက်လေးမှာ အမှတ်ကို ဖြုတ်ပေးလိုက်ပါ။

 လက်ကိုင်ဖုန်း (Java Os) ဓါတ်တိုင်ဖုန်း/လိုင်းဆွဲအားကောင်းဖုန်း/ခလုတ်ပါဖုန်း
 ဒီဖုန်းတွေမှာလည်း Setting ကို ၀င်ပါ။ Network ကို ရှာပါ။
ပြီးရင်တော့ Flight mode ဘေးက ဘောက်လေးမှာ အမှတ်ကို ဖြုတ်ပေးလိုက်ပါ။
အာ့ဆိုရင်တော့ လေယာဉ်ပျံစနစ်ကို မာန်အောင်မြေအလှ ကျွန်းမေဃ မှ ဦးဦးဒေါ်ဒေါ်များ ကိုယ်တိုင် လုပ်နိုင်ကြလိမ့်မယ်လို့ မျှော်လင်းရင်း.............။

 နောက်...........3G လိုင်း ရှိမရှိ/ မိမိဖုန်းဟာ 3G လိုင်းကို အသုံးပြုမှုရှိ မရှိ စစ်ဆေးနည်းလေးကို ကျနော် နားလည်သလောက် ဆက်လက်ရေးသွားပါဦးမယ်။

 တိုးတက်ပါစေ...........မာန်အောင်မြေ

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Template Created by Creating Website Published by Mas Template
Proudly powered by Blogger