*** ရေလှိုင်းဇာဖြူဖြူဖွေးရယ်က
သောင်ကမ်းလွှာမြေပြင်စပ်မှာ
ခေါက်တုံ့ခါသူလာဆော့တယ်
ပမ်းပါပေါ့ကွယ်...။
*** ကမ်းစပ်လွှာသောင်နံဘေးမှာလ
လမ်းလျှောက်လာခရုငယ်လေးတွေက
ပန်းခြောက်ကမ္ဘာထင်မှတ်မှားလောက်တယ်
ငေးမျှော်လို့တွေး....။
*** အုန်းတောစီရီ
ဆည်းဆာနေရီတရောမှာလ
လေအချီယိမ်းကာကတယ်
အို ပန်းချီရှုံးပါပေါ့လေး...။
*** နေမင်းဖန်ဝါ
ရေဇလာမှာငုပ်ကာလျှိုးပြီမို့
ကိုတံငါအိမ်အပြန်တကျောမှာ
တေးဆိုလို့လာ...။
*** မနှေးမျှော်ကာ
အိမ်သူသက်ထားရယ်က
ကမ်းကဗ္ဗလာမှာကြိုကာနေနှင့်တယ်
ပမ်းပါပေါ့လေး...။
*** မြင်တွေ့ခဲ့ရ
မေဃမြေမှာ
လွမ်းလောက်စရာ
တစ်သက်မမေ့ပါဘု
စာစုတစ်ခုတစ်ခါ
ရေးစပ်ကာသီလို့ကုံးတယ်
ကျွန်းမာန်အောင်သို့ရေးတဲ့ကဗျာ...။
0 comments:
Speak up your mind
Tell us what you're thinking... !